သြဂုတ် ၂၅၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီအား မတွေ့ဆုံခဲ့ခြင်းသည် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက် များနှင့် ပတ်သက်ပြီး အကျိုးသက်ရောက်မှုမရှိခြင်းကို ထင်ရှားစွာ သိမြင်စေလို၍ဖြစ်ကြောင်း ပြည်တွင်း ပြည်ပရှိ အတိုက် အခံများနှင့် လေ့လာသူများက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့မှဒေါက်တာဝင်းနိုင်က“ကျနော့်အယူအဆအရ မစ္စတာ ဂန်ဘာရီနဲ့ တွေ့ဆုံမှုမရှိတာဟာ ဂန်ဘာရီ တဦးတည်းတင်မကဘူး၊ ကုလသမဂ္ဂ ကို ပါ Message ပေးတာ ပဲ၊ ပြည်သူလူထု ကိုလည်း ပေးတာ၊ တွေ့ဆုံဆွေးနွေးပွဲတွေဟာ ဘာမှ ထိရောက်မှု မရှိဘူးဆိုတာ၊ နောက်တခုက ကုလသမဂ္ဂရဲ့ ဆောင်ရွက် မှုတွေဟာ အချိန်ကာလတွေသာရှည်လျားလာတာ တိုင်းပြည်အတွက် လက်ဆုပ်လက် ကိုင်ပြစရာ ထိရောက်တဲ့ အကျိုး သက်ရောက်မှုတွေ မည်မည်ရရ မရှိဘူးဆိုတာကို ပြချင်တာ”ဟု ပြောဆိုသည်။ လွန်ခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မစ္စတာ ဂန်ဘာရီသည်ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံရန်အစီအစဉ် ပျက်ခဲ့ခြင်း ဖြစ်သည်။ယခုကဲ့သို့ တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်က မစ္စတာ ဂန်ဘာရီ ကို မတွေ့ဆုံခြင်းမှာ အကြောင်းတကြောင်း ဖြစ်နိုင်
ကြောင်း မြန်မာ့အရေးလေ့လာသူ များက ပြောဆိုသည်။
“တိုးတက်မှု နည်းပါးတာကို အားမရလို့ ကုလသမဂ္ဂကိုရော စစ်အစိုးရကို ပါ ဒေါ်အောင်ဆန်းစုကြည်က အထင်အရှား သိမြင်စေလိုတဲ့ သဘောလို့ ထင်ပါတယ်”ဟု မြန်မာ့အရေး လေ့လာသူ ဗြီတိသျှလူမျိုး သတင်း ထောက် လယ်ရီဂျေဂင် ကပြောသည်။လွန်ခဲ့သည့် သြဂုတ် ၂၂ ရက်နေ့က မစ္စတာ ဂန်ဘာရီ ၏ လက်ထောက် ၂ ဦးက ဒေါ်အောင်ဆန်းစုကြည်၏ နေ အိမ် ရှေ့သို့ သွားရောက်၍ မစ္စတာ ဂန်ဘာရီ က တွေ့ဆုံလိုကြောင်း လက်ကိုင် စပီကာဖြင့် ဟစ်အော် အသံပြု ခေါ်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခြင်း မရှိကြောင်း စစ်အစိုးရ သတင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။ ယမန်နေ့က ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ၎င်းတို့အနေနှင့် တွေ့ဆုံနိုင်ရန် အစွမ်းကုန် ဆောင်ရွက်ပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခြင်းအပေါ် များစွာစိတ်မကောင်း ဖြစ်ရကြောင်းနှင့် မစ္စတာ ဂန်ဘာရီအား နားလည်ပါကြောင်း ဖော်ပြထားသည်။မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး စိတ်ပျက်ဖွယ်ဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦးကလည်း ပြောဆိုသည်။
“စစ်အစိုးရက မစ္စတာ ဂန်ဘာရီနဲ့ သူမ တွေ့ဆုံဖို့အတွက် အလေးထားမှုနည်းပါးလို့ ဒေါ်အောင်ဆန်းစုကြည် က အခုလို ငြင်းပယ်တာ ဖြစ်နိုင်တယ်”ဟု ၎င်း က ပြောသည်။ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း အန်အယ်လ်ဒီ ကို ၂၀၁၀ ရွေးကောက် ပွဲဝင်ရန်နှင့် ယင်းရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည်ဖြစ်ကြောင်း မစ္စတာ ဂန်ဘာရီက ပြောဆိုခြင်းသည် ကုလ သမဂ္ဂမှ လုပ်ဆောင်ရမည့် လုပ်ငန်းမဟုတ်ကြောင်း၊ ကုလသမဂ္ဂက စစ်အစိုးရ အလိုကျ များသာ လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ “မစ္စတာ ဂန်ဘာရီဟာ စစ်အစိုးရ ကိုယ်စားလှယ်နဲ့ တူနေပါတယ်”ဟုလည်း ၎င်းက ဝေဖန်သည်။မစ္စတာ ဂန်ဘာရီသည် ၎င်း၏ ယခုခရီးစဉ် အတွင်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဆွေးနွေးပြော ဆိုခြင်းမရှိ ကြောင်းနှင့် နိုင်ငံရေးအခြေအနေတိုးမှု မရှိကြောင်း လယ်ရီဂျေဂင်က ပြောသည်။“ကျနော်ထင်ပါတယ်၊ ဒီခရီးစဉ်က သူ့ရဲ့နောက်ဆုံး ခရီးစဉ်ပဲဖြစ်ပါလိမ့်မယ်”ဟု လယ်ရီဂျေဂင် ကဆိုသည်။
မစ္စတာ ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် သောကြာနေ့တွင်ပြီးဆုံးမည့်၎င်း၏ ခရီးစဉ်ကို စနေနေ့ အထိ တရက်ထပ်မံတိုးလိုက်ပြီးယင်း စနေနေ့တွင်ပင် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် တွေ့ဆုံခွင့်ရခဲ့ သေးသည်။မစ္စတာ ဂန်ဘာရီ၏ ၆ ရက်ကြာခရီးစဉ်သည် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် တို့၏ညွှန်ကြားမှုဖြင့် မြန်မာ့အရေးအတွက် ၎င်းလုပ်ဆောင်ရန်ရှိသည်များကိုဆက်လက်လုပ်ဆောင်နိုင် ရန် သွားရောက်ခြင်း ဖြစ်ပြီး စစ်အစိုးရ အပါအ၀င် တခြားသော နိုင်ငံရေး အစုအဖွဲ့များ အားလုံး နှင့် တွေ့ဆုံခွင့်ရ ရန် မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။မစ္စတာ ဂန်ဘာရီ၏ ယခုခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလ အတွင်းကပင် စီစဉ်ထားသော်လည်း နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်အစိုး ရ က နိုင်ငံ တ၀န်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်များနေသည့်အတွက် အချိန်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
မစ္စတာဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် အတွင်း ကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ယင်း ခရီးစဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုးတက်မှု နည်းပါး၍ စိုးရိမ် ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။
ဧရာဝတီ သတင်းဌာနမှကူးယူဖော်ပြသည်။



ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး ရဲကားများအသင့်စောင့်နေပုံ
ရန်ကုန်မြို့ မြေနီကုန်းတွင် ရဲကားများအသင့်စောင့်နေပုံ
ကိုဇာဂနာ
ကိုဇ်ာသက်ထွေး





ဒီနေ့ဟာ ကံကောင်းတဲ့နေ့ပဲ